Remittance
မြန်မာပြည်တွင် အမြန်ဆုံး အလွယ်ကူဆုံးနှင့် စိတ်အချရဆုံး ပြည်တွင်းငွေလွှဲ ၀န်ဆောင်မှု
ပြည်တွင်းငွေလွှဲလုပ်ငန်း
နိုင်ငံတကာငွေလွှဲလုပ်ငန်း (SWIFT)
truemoney
ပြည်တွင်းငွေလွှဲလုပ်ငန်း
အကောင်းဆုံးသော ရွေးချယ်မှုများဖြင့် ပြည်တွင်းငွေလွှဲဝန်ဆောင်မှုကို AGD ဘဏ်မှ ဆောင်ရွက်ပေးလျှက်ရှိပါသည်။
AGD ဘဏ်ခွဲများကို အသုံးပြု၍သော်လည်းကောင်း၊ TrueMoneyကိုအသုံးပြု၍သော်လည်းကောင်း customer များစိတ်တိုင်းကျ ငွေလွှဲပေးပို့ နိုင်ပါသည်။
AGD ဘဏ်ခွဲများ အသုံးပြု ခြင်း
AGD ဘဏ်ခွဲများသို့ငွေသားဖြင့် သော်လည်းကောင်း၊စာရင်းပြောင်းနည်းဖြင့်သော်လည်းကောင်းငွေလွှဲပေးပို့နိုင်ပါသည်။
AGD ဘဏ်ခွဲအချင်းချင်းသာမကချိတ်ဆက်ထားသောအောက်ပါဘဏ်များသို့လည်းပြည်တွင်းငွေ
လွှဲများပေးပို့နိုင်ပါသည်။
- KBZ Bank
- AYA Bank
- MWD Bank
- GTB Bank
- MAB Bank
- CB Bank
- CHD Bank
- SMIDB Bank
- RDB Bank
- INNWA Bank
- SHWE Bank
- Global Bank
AGD ဘဏ်ခွဲများသို့ ငွေလွှဲခ
- လွှဲငွေပမာဏ၏ ၀.၀၅% နှင့် online အသုံးပြုခ ၅၀၀ကျပ်
- အနည်းဆုံးပေးဆောင်ရမည့်ငွေလွှဲခ ၁၀၀ ကျပ်
အခြားသောဘဏ်များသို့ ငွေလွှဲခ
- အခြားသောဘဏ်များ၏ သတ်မှတ်ထားသော ငွေလွှဲနှုန်းထား ပမာဏ (လွှဲငွေပမာဏ)၏ ၀.၀၅% သို့မဟုတ် ၀.၁၀% သို့မဟုတ် ၀.၁၅% နှင့် fax အသုံးပြုခ ၅၀၀ကျပ်
- အနည်းဆုံးပေးဆောင်ရမည့်ငွေလွှဲခ ပမာဏသည် အခြားဘဏ်မှ သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရမည်
အသေးစိတ်သိရှိလိုသည်များအတွက် services@agdbank.com သို့မဟုတ် ဖုန်းနံပါတ် ၀၁-၂၃၉ ၉၃၃၃ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
နိုင်ငံတကာငွေလွှဲလုပ်ငန်း(SWIFT)
မြန်မာပြည် ပြင်ပငွေလွှဲလိုခြင်းများအတွက် Swift Payment network ဟာနိုင်ငံတကာမှာအလွယ်ကူဆုံးနဲ့ လုံခြုံမှုအရှိဆုံးဖြစ်ပါသည်။ ၎င်း network ဟာအကြီးမားဆုံးသောကွန်ယက်တစ်ခုအဖြစ်ရပ်တည်နေပြီး Banking Institution ပေါင်း ၉၀၀၀ ကျော်တွင် အသုံးပြုလျက်ရှိပါသည်။
နိုင်ငံခြားဆက်သွယ်ရေးဘဏ်များ
AGD ဘဏ်ဟာဖော်ပြပါ correspondent ဘဏ်များနှင့် ငွေလွှဲခြင်းလုပ်ငန်းများကိုဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။
1. India
- Punjab National Bank (PNB)
2. Thailand
- Siam Commercial Bank (SCB)
- Other International Remittance
အသေးစိတ်သိရှိလိုသည်များအတွက် services@agdbank.com (သို့မဟုတ်) ဖုန်းနံပါတ် ၀၁-၂၃၉ ၉၃၃၃ သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
truemoney
AGD ဘဏ်ဟာ ၂၀၁၆ ခုနှစ်မှစတင်ပြီးAGD ဘဏ်ခွဲများတွင်truemoneyကိုအသုံးပြုခဲ့ပြီးယခုအခါ မြန်မာပြည်တွင်းနေရာပေါင်း ၁၀၀၀ ကျော်တွင် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။
Mobile Money ၏ အားသာချက်မှာဘဏ်မရှိသောနေရာဒေသများတွင် agent များမှတဆင့် ၀န်ဆောင်မှုရယူနိုင်ခြင်းဖြစ်ပါသည်။
TrueMoney Myanmar ဟာ ငွေလွှဲလုပ်ငန်း၊ ဖုန်းbill၊ အခြားသော bill ပေးချေမှုလုပ်ငန်းများစသဖြင့်အမျိုးမျိုးသော ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။
မြန်မာပြည်မှာသာမက အာဆီယံနိုင်ငံများဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင် နိုင်ငံများမှာပါ TrueMoneyဟာ နိုင်ငံတကာ company အဖြစ်တည်ရှိပါသည်။