Personal Account

AGD ဘဏ်၏ ငွေကြေးဝန်ဆောင်မှုများနှင့် ငွေကြေးစီမံခန့်ခွဲခြင်းဝန်ဆောင်မှုများက သင့် ငွေကြေးတိုးပွားမှုအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။

မိမိနှစ်သက်ရာအပ်ငွေစာရင်းများတွင် စုဆောင်းနိုင်ပြီးတစ်နှစ်လျှင် အနည်းဆုံးအတိုးနှုန်း ၄% မှ ၁၀% အထိရရှိနိုင်ပါသည်။

တစ်ဦးချင်း ဝန်ဆောင်မှု

စာရင်းရှင်အပ်ငွေ

ငွေစုဘဏ်စာရင်း

အထူးအပ်ငွေစာရင်း

စာရင်းသေအပ်ငွေ/အသစ်

စာရင်းရှင်အပ်ငွေ


AGD ဘဏ်စာရင်းရှင်အပ်ငွေစာရင်း သည်လူကြီးမင်းတို့၏ နေ့စဉ်ဘဏ်လုပ်ငန်းဆိုင်ရာ လိုအပ်ချက်များအတွက် အလွယ်ကူဆုံးနှင့် အဆင်အပြေဆုံးသော အတိုးမဲ့ စာရင်းရှင်အပ်ငွေစာရင်း ဖြစ်ပါသည်။ အတိုးရသည့် ငွေစုစာရင်း များနှင့်ချိတ်ဆက်၍လည်း အသုံးပြုနိုင်ပါသည်။

နေ့စဉ် ငွေကြေးအမြောက်အများကိုင်တွယ်ရခြင်းမှ လျော့ချပေးပြီး ချက်လက်မှတ်များဖြင့် ငွေစုစာရင်း  များမှ လူကြီးမင်းများ၏ ငွေကြေးဆိုင်ရာ လုပ်ဆောင်မှုများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိင်ပါသည်။

ATM စက်များတွင်အသုံးပြုလိုခြင်းနှင့် ပစ္စည်းများဝယ်ယူသည့်အခါ ဆိုင်မှဝယ်ယူသည်ဖြစ်စေ၊ Online မှတဆင့် ၀ယ်ယူသည်ဖြစ်စေ အဆင်ပြေစေရန် ကိုယ်ပိုင် Debit Card ကိုလည်းရရှိစေနိုင်ပါသည်။

AGD ဘဏ်၏ Mobile banking ဖြင့် online မှတဆင့် ဘယ်နေရာ၊ ဘယ်အချိန်မှာဘဲဖြစ်ဖြစ် အဆင်ပြေလွယ်ကူစွာ လူကြီးမင်းများ၏ ငွေကြေးများကို စစ်ဆေးနိုင်ပါသည်။

AGD ဘဏ်ခွဲ များတွင် ၀န်ဆောင်မှုရယူနိုင်သည်သာမက ATM စက်များတွင်ဝန်ဆောင်မှု 24/7 ကိုလည်း ရရှိနိုင်မှာဖြစ်ပါသည်။

Features
  • အခမဲ့ရရှိနိုင်ခြင်း
  • ကနဦး ပေးသွင်းငွေ ၁၀၀၀ ကျပ်
  • အနည်းဆုံးထားရှိရမည့် ငွေပမာဏ ၁၀၀၀ ကျပ်
Benefits
  • AGD-MPU/UPI (Co-Brand) Debit Card အခမဲ့ရရှိနိုင်ခြင်း
  • Internet banking, mobile banking အသုံးပြုနိုင်ခြင်း
  • ငွေလွှဲခပေးစရာမလိုဘဲ AGD ဘဏ် အကောင့်အချင်းချင်း ငွေလွှဲနိုင်ခြင်း
  • ကောင်းမွန်သော Customer service
     

ငွေစုဘဏ်စာရင်း


စိတ်ဝင်စား လူကြိုက်အများဆုံးသောAGD Bank ၏ ငွေစုစာရင်းနှင့်စတင်ငွေစုပြီး သင့်ရဲ့ ငွေကြေး များတိုးပွားလာတာကို မြင်တွေ့နိုင်မှာသည်။

မည်သည့်အချိန်အခါတွင်မဆို AGD ဘဏ်တွင်ငွေကြေး စုဆောင်းလျှင် ၈.၆%အတိုးနှုန်းရရှိပါမည်။

Features

 

  • အနည်းဆုံး ၁၀၀၀ ကျပ်ဖြင့် စတင်ဖွင့်လှစ်နိုင်ခြင်း
  • လုံခြုံစိတ်ချရသော EMV chip စနစ်ဖြင့် ပြုလုပ်ထားသည့် ကိုယ်ပိုင် MPU/UPI Debit card ပိုင်ဆိုင်နိုင်ခြင်း
  • Internet Banking, Mobile Banking အသုံးပြုနိုင်ခြင်း နှင့် SMS alert ရယူနိုင်ခြင်း
  • ငွေစုစာရင်းစာအုပ်  နှင့် e statement ကို အချိန်မရွေးရယူနိုင်ခြင်း
  • မြန်မာကျပ်ငွေဖြင့် စာရင်းဖွင့်ငွေစုနိုင်ခြင်း
  • AGD Pay Application ရရှိနိုင်ခြင်း
Benefits

 

  • အဆင်ပြေလွယ်ကူပြီး လုံခြုံမှုရှိခြင်း
  • အတိုးခံစားနိုင်သည့် ငွေစုစာရင်း
  • ATM များတွင် အသုံးပြုနိုင်သည်သာမကMerchant များတွင်လည်း POS ဖြင့်အသုံးပြုနိုင်ခြင်း (ပြည်တွင်း၊ ပြည်ပ)
  • မိမိ Card ကို AGDPay mobile application မှတဆင့် Lock / Unlock ပြုလုပ်နိုင်ခြင်း
  • AGD ဘဏ်ခွဲများနှင့် Call center ၀န်ဆောင်မှု (၂၄) နာရီ ရရှိနိုင်ခြင်း
Rate and Fees
  • အတိုးနှုန်း - ၈.၆%
  • ·၃လ  (၁) ကြိမ် အတိုးထည့်ပေးခြင်း
လိုအပ်သော စာရွက်စာတမ်းများ
  • နိုင်ငံသားမှတ်ပုံတင် မိတ္တူ တစ်စုံ
  • ကနဦး ပေးသွင်းငွေ ၁၀၀၀ ကျပ်
  • မြန်မာနိုင်ငံသား အသက် ၁၈ နှစ် နှင့် အထက်(လူပုဂ္ဂိုလ်စာရင်း /  ကုမ္ပဏီအဖွဲ့အစည်းများစာရင်း)
သက်ငယ်ငွေစုစာရင်း (အသက် ၁၈ အောက် ကလေးများအတွက်)

သင့်ကလေး အနာဂါတ်လှပစေဖို့အတွက် ဒီနေ့ပဲစတင်ငွေစုပြီး သူတို့နှင့်အတူ သင့် စုငွေလည်း တိုးပွားလာမှုများ ကိုစောင့်ကြည့်လိုက်ပါ ။

လိုအပ်သော စာရွက်စာတမ်းများ
  • မွေးစာရင်း မိတ္ထူ တစ်စုံ
  • အုပ်ထိန်းသူ၏ နိုင်ငံသားမှတ်ပုံတင် မိတ္တူ တစ်စုံ
  • ကနဦး အပ်ငွေ ၁၀၀၀ ကျပ်
ကျောင်းသားအပ်ငွေစာရင်း (အသက် ၁၂နှစ် မှ ၁၇နှစ်) အထိ


အနာဂါတ်အတွက်ကြိုးစား ပညာသင်ယူနေသော သင့်ကလေးအတွက် Student Saving နှင့်ယခုပင်စတင် စုဆောင်းလိုက်ပါ ။

လိုအပ်သော စာရွက်စာတမ်းများ
  • လျှောက်ထားသူ၏ နိုင်ငံသားမှတ်ပုံတင် မိတ္တူ တစ်စုံ
  • ကျောင်းမှ ဆရာ/ဆရာမ၏ နိုင်ငံသားမှတ်ပုံတင် မိတ္တူ တစ်စုံ
  • ကျောင်းမှ ဆရာ/ဆရာမ၏ ထောက်ခံစာ
  • ကနဦး အပ်ငွေ ၁၀၀၀ ကျပ်

အထူးအပ်ငွေစာရင်း


Features
  • အနည်းဆုံးထားရှိရမည့် ငွေပမာဏ ၁၀၀၀ ကျပ်
  • ကနဦးပေးသွင်းရမည့်ငွေ ၁၀၀၀ ကျပ်
  • အတိုးရရှိနိုင်သော ငွေစုစာရင်း
  • လုံခြုံစိတ်ချရသောEMV chip စနစ် သုံး MPU/UPI(Co-Brand) debit card အခမဲ့ ရရှိနိုင်ခြင်း
  • အခမဲ့ AGDPay ၀န်ဆောင်မှု
  • Internet banking, Mobile Banking အသုံးပြုနိုင်ခြင်း နှင့် SMS alert ရယူနိုင်ခြင်း
  • ငွေစုစာရင်းစာအုပ် နှင့် e statement ကို အချိန်မရွေးရယူနိုင်ခြင်း
  • မြန်မာကျပ်ငွေဖြင့် စာရင်းဖွင့်နိုင်ခြင်း
Benefits
  • အဆင်ပြေလွယ်ကူ စိတ်ချရခြင်း
  • နေ့စဉ်အတိုးတွက်ချက်ပေးခြင်း
  • ATM များတွင် အသုံးပြုနိုင်သည်သာမက Merchant များတွင်လည်း POS ဖြင့် အသုံးပြုနိုင်ခြင်း (ပြည်တွင်း၊ ပြည်ပ)
  • မိမိ Card ကို AGDPay mobile application မှတဆင့် Lock / Unlock ပြုလုပ်နိုင်ခြင်း
  • AGD ဘဏ်ခွဲ များ တွင်ဝန်ဆောင်မှုရရှိနိုင်ခြင်း
Rates and Fees
  • အတိုးနှုန်း - ၆% (တစ်နှစ်လျှင်) - လက်ကျန်ငွေ မြန်မာကျပ် သိန်း ၂၀၀၀ အထက်
  • အတိုးနှုန်း - ၄% (တစ်နှစ်လျှင်) - လက်ကျန်ငွေ မြန်မာကျပ် သိန်း ၂၀၀၀ အောက်
  • အတိုးရရှိနိုင်ခြင်း - လစဉ်
Eligibility
  • မြန်မာနိုင်ငံသား အသက် ၁၈ နှစ် နှင့် အထက် (လူပုဂ္ဂိုလ်စာရင်း /  ကုမ္ပဏီအဖွဲ့အစည်းများစာရင်း)
  • Sole Proprietorship/ Partnership/ Pvt.Limited companies registered in Myanmar
လိုအပ်သောစာရွက်စာတမ်းများ
  • နိုင်ငံသားမှတ်ပုံတင်မိတ္တူတစ်စုံ

စာရင်းသေအပ်ငွေ နှင့် ပျော်ရွှင် စာရင်းသေအပ်ငွေ(အသစ်)

ကြိုတင်ရည်ရွယ်ထားသော အနာဂတ်အတွက်ဆိုရင်တော့ AGD ဘဏ်ရဲ့ စာရင်းသေအပ်ငွေစာရင်းများဟာငွေကြေးအလျင်အမြန်တိုးပွားပြီး အတိုးနှုန်းအများဆုံးဖြစ်တဲ့အတွက် လူကြီးမင်းများအတွက် အကောင်းဆုံး၊ စိတ်အချရဆုံးနဲ့ အသင့်လျော်ဆုံးသော ငွေစုခြင်းနည်းလမ်းတစ်မျိုးဖြစ်ပါသည်။
တစ်နှစ်လျှင် အတိုးနှုန်း ၁၀% ရရှိနိုင်ပြီး လူကြီးမင်းများ စိတ်ကြိုက် သင့်လျော်ရာ လအလိုက် စုငွေထားရှိနိုင်မှာဖြစ်ပါသည်။

စာရင်းသေအပ်ငွေစုဆောင်းရင်း ဘဏ်မှ ချေးငွေရယူနိုင်သလို၊ Credit card လျှောက်ထားခြင်းလည်း ပြုလုပ်နိုင်မှာဖြစ်ပါသည်။

စာရင်းသေအပ်ငွေ

Features
  • အနည်းဆုံးကျပ် (၁၀,၀၀၀ )ဖြင့်စတင်ဖွင့်လှစ်နိုင်ခြင်း
  • အတိုးရရှိနိုင်သော ငွေစုစာရင်း
  • Fixed Deposit လက်မှတ်
  • မြန်မာကျပ်ငွေဖြင့် စာရင်းဖွင့်နိုင်ခြင်း
Benefits
  • လုံခြုံစိတ်ချရခြင်း
  • အတိုးနှုန်းမြင့်မားခြင်း
  • အလိုအလျှောက်အတိုးထည့်ပေးခြင်း နှင့် Customer စိတ်တိုင်းကျ   သက်တမ်းတိုးခြင်း၊ ရပ်ဆိုင်းခြင်းများ ပြုလုပ်နိုင်ခြင်း
  • Fixed Deposit ထားရှိပြီး ငွေချေးယူနိုင်ခြင်း
Rates and Fees

     ကာလ

      နှစ်စဉ်အတိုးနှုန်း

     ၁လ

      ၈.၃၀%

     ၃လ

     ၉.၀၀%

     ၆လ

      ၉.၂၅%

    ၉လ

    ၉.၅၀%

    ၁၂လ

     ၁၀%

Eligibility 
  • မြန်မာနိုင်ငံသား ၁၈နှင့် ပြည့်ပြီးသူတိုင်း  (လူပုဂ္ဂိုလ်စာရင်း /  ကုမ္ပဏီအဖွဲ့အစည်းများစာရင်း)
Company Limited

 

  • Sole Proprietorship/Partnership/Pte Ltd Company registred in Myanmar
လိုအပ်သောစာရွက်စာတမ်းများ
  • AGD ဘဏ်တွင် ဖော်ပြပါ ငွေစုစာရင်း တစ်ခုခု ထားရှိရမည် (Savings/Call/Current account)
  • နိုင်ငံသားမှတ်ပုံတင် သို့မဟုတ် Passport မိတ္တူ တစ်စုံ
Company Limited
  • ကုမ္မဏီမှတ်ပုံတင်စာတမ်းများ
  • Form E, Form 6, Form 26
  • ပိုင်ဆိုင်သူ၏နိုင်ငံသားမှတ်ပုံတင် သို့ မဟုက် passport
  • သင်းအဖွဲ့ စည်းမျဉ်း၊သင်းဖွဲ့ မှတ်တမ်း
  • အစည်းအဝေးဆုံးဖြတ်ချက်မှတ်တမ်း (ကုမ္မဏီ Letter Head နှင့်တကွ)
  • ကုမ္မဏီအကောင့်ဖွင့်ရန်လျောက်လွှာ (ကုမ္မဏီ Letter Head နှင့်တကွ)
  • QA Form 22 (နိုင်ငံခြားသားပါဝင်ခဲ့လျှင်)

ပျော်ရွှင် စာရင်းသေအပ်ငွေ(အသစ်)

Features
  • အနည်းဆုံးထားရှိရမည့် ငွေပမာဏ ကျပ် ၁၀သိန်း နှင့် အထက်
  • အတိုးရရှိနိုင်သော ငွေစုစာရင်း
  • တစ်နှစ် စာရင်းသေအပ်ငွေ
  • Fixed Deposit  လက်မှတ်
  • မြန်မာကျပ်ငွေဖြင့် စာရင်းဖွင့်နိုင်ခြင်း
Benefits
  • လုံခြုံစိတ်ချရခြင်း
  • လစဉ်အတိုးရရှိနိုင်ခြင်း
  • Fixed Deposit ထားရှိပြီး ချေးငွေချေးယူနိုင်ခြင်း
  • အလိုလျှောက်အတိုးထည့်ပေးခြင်း နှင့် Customer စိတ်တိုင်းကျ  သက်တမ်းတိုးခြင်း၊ ရပ်ဆိုင်းခြင်းများ ပြုလုပ်နိုင်ခြင်း
Rates and Fees
  •      အတိုးခံစားခွင့် - လစဉ်
  •     တစ်နှစ်လျှင် - အခြေခံအတိုးနူန်း ၉.၅%
Eligibility
  • မြန်မာနိုင်ငံသား အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း (္ဂိုလ်စာရင်း /  ကုမ္ပဏီအဖွဲ့အစည်းများစာရင်း)
  • Sole Proprietorship/Partnership/Pte Ltd Company registered in Myanmar
  • လစဉ်အတိုးထည့်သွင်းပေးနိုင်ရန်အတွက် ဖော်ပြပါ Account တစ်ခုခု ဖွင့်ရန် လိုအပ်ပါသည် (Savings/Current/Call account)
AGD ဘဏ်တွင် အကောင့်မရှိပါက လိုအပ်သော စာရွက်စာတမ်းများ
  • နိုင်ငံသားမှတ်ပုံတင် မိတ္တူ

အသေးစိတ်သိရှိလိုသည်များအတွက် ဖုန်းနံပါတ် ၀၁-၂၃၉ ၉၃၃၃ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။