Kyo U Account

ငွေချက်ချင်းအပ် အတိုးချက်ချင်း ယူနိုင်မည့် ကြိုယူအကောင့်

AGD ဘဏ်၏ ကြိုယူအကောင့်သည် ငွေအပ်နှံပြီးသည်နှင့် တစ်ပြိုင်နက် မြင့်မားသောအတိုးကို ငွေသားအပြည့်အဝ ထုတ်ယူနိုင်ပြီး ယုံကြည်စိတ်ချစွာ ငွေစုလိုသူများအတွက် အထူးသင့်တော်သော အကောင့်အမျိုးအစားဖြစ်ပါသည်။

Features 

  •  ငွေအပ်နှံချိန်တွင် အတိုးကို ငွေသားအပြည့်အဝ ထုတ်ယူနိုင်ပါသည်။
  •  ငွေကျပ် (၁၀) သိန်း မှ စတင်၍  တစ်နှစ် အပ်နှံနိုင်ပါသည်။
  •  ငွေအပ်နှံခြင်းကို ငွေသား (သို့) Interbank ငွေလွှဲတို့ဖြင့် ပြုလုပ်နိုင်ပါသည်။
  •  မြန်မာငွေကျပ်ဖြင့် အကောင့်ဖွင့်လှစ်နိုင်ပါသည်။


Benefits

  • အတိုးကို ငွေသားချက်ချင်းထုတ်ယူနိုင်ခြင်း
  •  မြင့်မားသောအတိုးနှုန်း ရယူနိုင်ခြင်း
  • ငွေစုသက်တမ်းပြည့်ချိန်တွင် အပ်နှံစဉ်အခါက ငွေသားဖြင့် အပ်နှံခဲ့လျှင် ငွေသား ထုတ်ယူနိုင်ခြင်း၊ Interbank Transfer ဖြင့် အပ် နှံခဲ့လျှင် အခြားဘဏ်သို့ Interbank Transfer ပြုလုပ်ခွင့်ရှိခြင်း
  • လုံခြုံစိတ်ချရခြင်း

Rates and Fees

  • ၁ နှစ် - ၉.၃၅%

Eligibility 

  •  မြန်မာနိုင်ငံသား အသက် (၁၈) နှစ်နှင့် အထက် ရှိသူ (တစ်ဦးတည်းအကောင့် (သို့) ပူးတွဲအကောင့်) 
  • တစ်ဦးတည်းပိုင်လုပ်ငန်း၊ ပူးတွဲဆောင်ရွက်မှုလုပ်ငန်း၊ မြန်မာနိုင်ငံ ကုမ္ပဏီမှတ်ပုံတင်ထားသည့် စာရွက်စာတမ်း


လိုအပ်သောစာရွက်စာတမ်းများ

တစ်ဦးချင်းဆိုလျှင်  

  • နိုင်ငံသားမှတ်ပုံတင် သို့မဟုတ် Passport မိတ္တူ တစ်စုံ


ကုမ္မဏီ

  • ကုမ္ပဏီမှတ်ပုံတင်စာရွက်စာတမ်းများ
  • အကျိုးခံစားခွင့်ပိုင်ရှင်များ၏ သက်သေခံစာရွက်စာတမ်းများ (မှတ်ပုံတင် / နိုင်ငံကူးလက်မှတ်)
  • ပူးတွဲစာချုပ် (ကုမ္ပဏီနှင့်ပူးပေါင်းလုပ်ဆောင်နေပါက)