AGD ဘဏ်လီမိတက်မှ အသေးစားငွေကြေးလုပ်ငန်းတစ်ခုဖြစ်သော KEB HANA Microfinance Limited သို့ မြန်မာကျပ်ငွေ ၁၀ ဘီလီယမ် ကျပ်အား ချေးငွေချထားပေးရန်သဘောတူညီခဲ့

မြန်မာနိုင်ငံရဲ့ငွေကြေးဆိုင်ရာအဖွဲ့အစည်းများထဲမှ ဦးဆောင်လုပ်ငန်းတစ်ခုဖြစ်သော AGD ဘဏ်အနေဖြင့်ဈေးကွက်ဦးဆောင်နေသော အသေးစားငွေကြေးလုပ်ငန်းတစ်ခုဖြစ်သည့် KEB HANA Microfinance Limited သို့ မြန်မာကျပ်ငွေ ၁၀ ဘီလီယမ် ချေးငွေချထားပေးရန်သဘောတူညီ လက်မှတ်ရေးထိုးခဲ့ပါသည်။

 

အဆိုပါ လက်မှတ်ရေးထိုးခြင်းကို AGD ဘဏ်ရုံးချုပ်၌ ၂၀၂၀ခုနှစ၊် ဇန်နဝါရီလ၊ ၂၁ ရက်နေ့ တွင် AGD ဘဏ်၏ Chief Business Officer ဖြစ်သူ ဦးပြည်စိုးထင်နှင့် KEB HANA Microfinance Limited ၏ မန်နေးဂျင်းဒါရိုက်တာ Mr. Jeung Sae Lee တို့ ဦးဆောင်ပြီး နှစ်ဖက်အဖွဲ့ဝင်များ၏ ရှေ့မှောက်တွင် သဘောတူလက်မှတ်ထိုးခဲ့ကြပါသည်။

 

AGD ဘဏ်၏ Chief Business Officer ဖြစ်သူ ဦးပြည်စိုးထင်မှ “KEB HANA Microfinance Limited နဲ့သဘောတူလက်မှတ်ထိုးခြင်းကို ဝမ်းမြောက်စွာနဲ့ကြေညာလိုပါတယ်။ AGD ဘဏ်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်စီးပွားရေးအတွက် ပဓာနကျပြီး လိုအပ်တဲ့ ဘဏ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံ (Banking Infrastructure) အထောက်အပံ့ပေးနိုင်ဖို့နဲ့ ဒီသဘောတူညီချက်ကနေလည်း သိသာတဲ့အထောက်အပံ့ဖြစ်စေဖို့ရည်ရွယ်တာပါ” ဟုဆိုပါသည်။

 

KEB HANA Microfinance Limited ၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံသားတို့အတွက် အဆင်ပြေစေပြီး မျှတတက်နိုင်သော ငွေကြေးဆိုင်ရာဝန်ဆောင်မှုတစ်ခု ပံ့ပိုးပေးခြင်းဖြင့် လူနေမှုအဆင့်အတန်းများ ပိုမိုမြင့်မားလာစေရန်ဖြစ်ပါသည်။ ယခု AGD ဘဏ်နှင့်သဘောတူညီမှုကိုအခြေပြုပြီး မြန်မာနိုင်ငံအတွင်းရှိ ၎င်းတို့၏ စီးပွားရေးတိုးတက် ကြီးမားလာစေရန် အတွက်လည်း အထောက်အကူပြုနိုင်မည် ဖြစ်ပါသည်။

News
Promotions
February 4, 2020
Golf ကစားသမား ဟိန်းစည်သူအား ကူညီထောက်ပံ့ပေးရန် AGD ဘဏ်မှ Sponsorship စာချုပ်သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ကြေညာခဲ့ပါတယ်။…
January 22, 2020
မြန်မာနိုင်ငံရဲ့ငွေကြေးဆိုင်ရာအဖွဲ့အစည်းများထဲမှ ဦးဆောင်လုပ်ငန်းတစ်ခုဖြစ်သော AGD ဘဏ်အနေဖြင့်ဈေးကွက်ဦးဆောင်နေသော…
July 25, 2019
Apply now for an AGD Visa Credit Card with no joining or annual fee! Offer applies to Fixed Deposit customers wanting to apply…
January 4, 2019
Get up to 40% discount with use of AGD Visa Credit Cards!

Exchange rate

Buy
Sell
usd
eur
sgd
thb
usd
eur
sgd
thb
Updated: 10. 04. 2020