AGD ဘဏ်မှ BRAC Myanmar Microfinance Company Limited သို့ ချေးငွေ ၇ ဘီလီယမ် ချထားသဘောတူပေးကြောင်း အသိပေးကြေညာချက်

မြန်မာနိုင်ငံရဲ့ငွေကြေးဆိုင်ရာအဖွဲ့အစည်းများထဲမှ ဦးဆောင်လုပ်ငန်းတစ်ခုဖြစ်သော AGD ဘဏ်အနေဖြင့် အသေးစားငွေကြေးလုပ်ငန်းတစ်ခုဖြစ်သော BRAC Myanmar သို့ မြန်မာကျပ်ငွေ ၇ ဘီလီယမ် ချေးငွေချထားပေးရန် သဘောတူညီ လက်မှတ်ရေးထိုးခဲ့ပါသည်။

BRAC Myanmar အနေဖြင့် အဆိုပါ ချေးငွေအား အမျိုးသမီးများ၊ မသန်စွမ်းသူများနှင့် တောင်သူများအား အဓိကရည်ရွယ် ကူညီထောက်ပံ့ပေးနိုင်ဖို့ လုပ်ဆောင်သွားမည်ဖြစ်ပြီး ယခု ချေးငွေသဘောတူညီချက်သည် မြန်မာနိုင်ငံတဝန်းလုံးရှိ စီးပွားရေး လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာစေရန် နှစ်ဦး နှစ်ဖက်လုံးမှ ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပါသည်။ 

 

AGD ဘဏ်၏ Chief Business Officer ဖြစ်သူ ဦးပြည်စိုးထင်မှ “BRAC Myanmar နဲ့ သဘောတူလက်မှတ်ထိုးခြင်းကို ဝမ်းမြောက်စွာနဲ့ ကြေညာလိုပါတယ်။ AGD ဘဏ်ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်စီးပွားရေးအတွက် ပဓာနကျပြီး လိုအပ်တဲ့ ဘဏ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံ (Banking Infrastructure) အထောက်အပံ့ပေးနိုင်ဖို့နဲ့ ဒီသဘောတူညီချက်ကနေလည်း သိသာတဲ့အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်တာပါ” ဟုဆိုပါသည်။

BRAC Myanmar သည် ၂၀၁၄ခုနှစ်ကတည်းက ငွေကြေးလုပ်ငန်းများကို ခိုင်မာသော ဦးတည်ချက်ဖြင့် လုပ်ဆောင်နေသော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၄င်း၏ အဓိက ခံယူချက်မှာ အခြေခံကျသော နေရာတွင်ရှိနေသည့် နိုင်ငံသားများ၏ ငွေကြေးကိစ္စရပ်များအဆင်ပြေစေရန် ကူညီဖြည့်စည်းပေးရန်အတွက်ဖြစ်ပြီး ငွေကြေး အခက်အခဲရှိသော အမျိုးသမီးများအတွက် ကိုယ်ပိုင်အလုပ်အကိုင်များ ဖန်တီးနိုင်ရန်၊ စီးပွားရေးနှင့်ပက်သက်သော အစွမ်းအစများ ပိုမိုတိုးပွားလာစေရန်နှင့် အမျိုးသမီးများကြားရှေ့ဆောင်လမ်းပြနိုင်သော စိတ်ဓာတ်တို့ပေါ်ထွက်လာစေရန်ရည်ရွယ်ပြီး အမျိုးသမီးများအတွက် ငွေကြေးထောက်ပံ့မှုများတွင် ပိုမိုအားစိုက်လုပ်ဆောင်လျှက်ရှိပါသည်။ ယခု သဘောတူညီချက်ကြောင့်

BRAC Myanmar ၏ ရည်ရွယ် ဦးတည်ချက်များကို မြန်မာနိုင်ငံတဝန်းတွင် အကောင်အထည် ဖော်နိုင်မည်ဖြစ်ကြောင်း AGD ဘဏ်မှ ယုံကြည်ပါသည်။

 

BRAC သည် ၁၉၇၂ ခုနှစ်ကတည်းက စတင်ထည်ထောင် လုပ်ကိုင်နေသော NGO အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။ အာရှနှင့် အာဖရိကနိုင်ငံ ၁၁နိုင်ငံနှင့်  အမေရိကန်၊ ယူကေနှင့် နယ်သာလန်တို့တွင်လည်း ဆက်စပ်ရုံးများထားရှိပြီး လုပ်ကိုင်လည်ပတ်လျှက်ရှိပါသည်။ BRAC ၏ ထောက်ပံ့သူများနှင့် ရင်းနှီးမြှုပ်နှံသူများတွင် နယ်သာလန်၊ ယူကေနှင့် ႀသစေတ်းလ် အစိုးရတို့ပါဝင်ပြီး Bill & Melinda Gates အဖွဲ့အစည်းလည်း ပါဝင်ပါသည်။

News
Promotions
May 22, 2020
မြန်မာနိုင်ငံရဲ့ငွေကြေးဆိုင်ရာအဖွဲ့အစည်းများထဲမှ ဦးဆောင်လုပ်ငန်းတစ်ခုဖြစ်သော AGD ဘဏ်အနေဖြင့် အသေးစားငွေကြေးလုပ်ငန်းတစ်ခုဖြစ်သော…
December 31, 2020
Get up to 40% discount with use of AGD Visa Credit Cards!
December 31, 2020
Enjoy a 10% discount with an AGD Platinum Visa Credit Card!

Exchange rate

Buy
Sell
usd
eur
sgd
thb
usd
eur
sgd
thb
Updated: 31. 05. 2020