AGD Bank's Managing Director, U Htoo Htet Tayza was invited to join a distinguished panel discussion at ‘The CLVMT Banker’s Leadership Program”

The Bank of Thailand နှင့် Thai Bankers Association တို့ပူးပေါင်းပြီး ‘The CLVMT Banker’s Leadership Program” ကို ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် အောက်တိုဘာလ (၄)ရက်နေ့က ကျင်းပခဲ့ပါတယ်။ အဆိုပါအစီစဉ်သည် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံရှိ ဘဏ္ဍရေးကဏ္ဍရှိ High-level executives များအတွက် ပလက်ဖောင်းတစ်ခု ထောက်ပံ့ပေးဖို့ ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။  

ယခုနှစ်အတွက် အစီစဉ်ရဲ့ ခေါင်းစဉ်ကတော့ ‘Financial Connectivity in the Digital World’ ဖြစ်ပြီး AGD Bank ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးထူးထက်တေဇမှ ဆွေးနွေးပြောကြားရန်အတွက် ဖိတ်ကြားခံခဲရပြီး  Bank of Thailand ၏ Assistant Governor ဖြစ်သူ Mrs. Chantavarn Sucharitakul နှင့် National Bank of Cambodia ၏ Director General H.E. Chea Serey တို့နဲ့အတူ ဆွေးနွေးပြောကြားဖြစ်ခဲ့ပါတယ်။ 

ဆွေးနွေးပြောကြားခဲ့သော ခေါင်းစဉ်သည် “Building the Ecosystem for Innovations in Financial Services: Roles of Private Players and Regulators” ကို ဗဟိုပြုခဲ့ပါတယ်။ 
ဆွေးနွေးပွဲတွင် Panelist များမှ ငွေကြေးစနစ်အတွက် ဘဏ္ဍာရေးပြုပြင်ပြောင်းလဲမှုများ၊ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများအတွက် ပဏမ လုပ်ငန်းစဉ်များနှင့် ဥပဒေသများ ချမှတ်ပြင်ဆင် ဆွေးနွေးခဲ့ကြပါတယ်။ AGD Bank အနေဖြင့် တက်ရောက်ပြောကြားပေးဖို့ရန် အတွက် ဖိတ်ကြားခံရခြင်းကို အထူးဂုဏ်ယူမိသလို ဆွေးနွေးခဲ့တဲ့အတိုင်း ဒေသတွင်း အခွင့်အလမ်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများအတွက်လည်း ရှေ့ရှုလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

AGD ဘဏ်က အားလုံးနဲ့အတူ ရှင်သန်ကြီးပွားတိုးတက်နေမှာပါ။
 

News
Promotions
December 12, 2019
AGD Bank ၏ Chief Technology Officer ဖြစ်သူ Mr. Bhuvanesh Shukla သည် CIO50 မှ ရွေးချယ်သတ်မှတ်သော အာဆီယံဒေသ၏ ထိပ်တန်း CIO/CTO ၅၀…
December 6, 2019
AGD ဘဏ်ရဲ့ အုပ်ချုပ်မှုဒါရိုက်တာအပါအ၀င် ဘဏ်အား အဓိကဦးဆောင်သူများ၊ ဌာနအသီးသီးမှ အုပ်ချုပ်မှုတာဝန်ခံများ နှင့်…
July 25, 2019
Apply now for an AGD Visa Credit Card with no joining or annual fee! Offer applies to Fixed Deposit customers wanting to apply…
January 4, 2019
Get up to 40% discount with use of AGD Visa Credit Cards!

Exchange rate

Buy
Sell
usd
eur
sgd
thb
usd
eur
sgd
thb
Updated: 13. 12. 2019