AGD Bank မှမြန်မာကျပ်ငွေ ၁၀ဘီလီယံချေးငွေအား Hayman Capital Co., Ltd သို့ချထားပေးရန် သဘောတူညီလက်မှတ်ရေးထိုးခဲ့
Hayman Capital Co., Ltd သည် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် လီမီတက် (AGD Bank) ထံမှ မြန်မာကျပ်ငွေ ၁၀ ဘီလီယံအား ၃နှစ်ကာလဖြင့် ချေးငွေရယူရန် သဘောတူလက်မှတ်ရေးထိုးခဲ့ပါသည်။
အမေရိကန်ဒေါ်လာ ၆မီလီယံနှင့်ညီမျှသော မြန်မာကျပ် ၁၀ဘီလီယံ ချေးငွေအား ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးနှင့် မန္တလေးဒေသရှိ မြို့နယ်ပေါင်း (၁၉) မြို့နယ်ရှိ Hayman Capital Co., Ltd ၏ ဝန်ဆောင်မှု အသုံးပြုသူပေါင်း၂၈,၀၀၀ကျော်၏ စီးပွားရေးလုပ်ငန်းများ တိုးတက်မှုကိုရှေ့ရှုပြီး ဖြန့်ချိချထားပေးသွားမည်ဖြစ်ပါသည်။ ဒါ့အပြင် ထိုငွေကြေးအား နေပြည်တော်၊ စစ်ကိုင်း နှင့် မန္တလေးဒေသတို့တွင် ရုံးခွဲသစ်ဖွင့်လှစ်ရန် လုပ်ဆောင်မှုများအတွက် အရှိန်အဟုန်တိုးမြှင့် လုပ်ဆောင်နိုင်ရန်လည်း အသုံးပြုသွားမည် ဖြစ်ပါသည်။

“AGD Bank လို အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ ဘဏ်တစ်ခုနဲ့ အတူလက်တွဲလုပ်ဆောင်ရတာ အထူးပဲဝမ်းမြောက်မိပါတယ်။ အခုရယူတဲ့ချေးငွေဟာဆိုရင် မြန်မာနိုင်ငံတွင်း ပထမဆုံးရယူတဲ့ချေးငွေဖြစ်တဲ့ ကျွန်တော်တို့ရယူထားတဲ့ ချေးငွေတွေထဲမှာဆိုရင်လည်း အများဆုံး ပမာဏတစ်ခုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့လုပ်ဆောင်ချက်တွေကိုကူညီဖို့ ကျေးလက်၊ ဘဏ်လုပ်ငန်းမတွင်ကျယ်သေးတဲ့ နေရာတွေနဲ့၊ အမျိုးသမီးဦးဆောင်နေသော စီးပွားရေး လုပ်ငန်းတွေကို ဖွံ့ဖြိုးလာစေဖို့ AGD Bank ရဲ့ အကူညီအတွက် အလွန်ဝမ်းမြောက်မိပါတယ်”လို့ Hayman Capital Co., Ltd. ၏ Chairman of the Board of Directors ဖြစ်သူ Mr. Sultan Marenov ကပြောကြားခဲ့ပါသည်။
AGD Bank Ltd ရဲ့ Chief Business Officer ဖြစ်သူ ဦးပြည်စိုးထင်က “မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကို ကူညီထောက်ပံ့ပေးနိုင်ဖို့အတွက် Hayman Capital Co. Ltd နဲ့ အခုလိုငွေကြေးဆိုင်ရာသဘောတူကူညီမှု လုပ်ပေးခွင့်ရတဲ့အတွက် ကျေနပ်ဝမ်းမြောက်မိပါတယ်။ AGD Bank ရဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ အနာဂတ်စီးပွားရေးအတွက် ပဓာနကျပြီးလိုအပ်တဲ့ ဘဏ်ပိုင်းဆိုင်ရာအခြေခံအဆောက်အအုံ (Banking Infrastructure) အတွက် အထောက်အပံ့ပေးနိုင်ဖို့နဲ့ ဒီသဘောတူညီမှုကနေလည်းသိသာတဲ့ အထောက်အပံ့ဖြစ်စေဖို့ပါ”ဟုပြောပါသည်။
Hayman Capital Co., Ltd သည် မြန်မာနိုင်ငံတွင် လေးနှစ်တာကာလအတွင်း ဘဏ္ဍာငွေကြေးဝန်ဆောင်မှု ကဏ္ဍများထဲတွင် အရှိန်အဟုန်ဖြင့် တိုးတက်လာသည်ကို လက်ရှိလုပ်ကိုင်နေသော Client ပေါင်း ၁၂၀,၀၀၀ ကျော်ခန့်၊ ချေးငွေပေါင်းအမေရိကန်ဒေါ်လာ ၂၀ မီလီယံ၊ စုစုပေါင်းပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၂၂.၇၅ မီလီယံ နှင့် Equity အမေရိကန်ဒေါ်လာ ၁၁ သန်းကျော်ဖြင့် မြန်မာနိုင်ငံရှိအသေးစားချေးငွေ လုပ်ငန်းစုများတွင် နံပါတ် ၁၀အတွင်းဝင်သော လုပ်ငန်းတစ်ခုအဖြစ် ပြသနေပါသည်။
SHARE THIS