Remittance

မြန်မာပြည်တွင်း အမြန်ဆုံး၊ အလွယ်ကူဆုံးနှင့် စိတ်အချရဆုံး ပြည်တွင်းငွေလွှဲ ၀န်ဆောင်မှု

ကုမ္ပဏီ၊ အဖွဲ့အစည်း ဝန်ဆောင်မှု

ပြည်တွင်းငွေလွှဲခြင်းလုပ်ငန်း

 နိုင်ငံတကာငွေလွှဲလုပ်ငန်း (SWIFT)

truemoney

MoneyGram

ပြည်တွင်းငွေလွှဲခြင်းလုပ်ငန်း


ပြည်တွင်းငွေလွှဲခြင်းများအတွက် AGD ဘဏ်ခွဲများကိုအသုံးပြု၍သော်၎င်း၊ truemoney ဖြင့်သော်၎င်း အကောင်းဆုံးသောဝန်ဆောင်မှုများဖြင့် ၀န်ဆောင်မှုပေးလျှက်ရှိပါတယ်။

AGD ဘဏ်ခွဲများအားအသုံးပြုခြင်း

AGD ဘဏ်ခွဲအချင်းချင်းသာမကချိတ်ဆက်ထားသောအောက်ပါဘဏ်များသို့လည်းပြည်တွင်းငွေလွှဲများပေးပို့နိုင်ပါတယ်။

  1. KBZ Bank
  2. AYA Bank
  3. MWD Bank
  4. GTB Bank
  5. MAB Bank
  6. CB Bank
  7. CHD Bank
  8. SMIDB Bank
  9. RDB Bank
  10. INNWA Bank
  11. SHWE Bank 
AGD ဘဏ်ခွဲများအချင်းချင်းငွေလွှဲခြင်းအတွက်ငွေလွှဲခများ
  • လွှဲငွေပမာဏ၏ ၀.၀၅% နှင့် online နှင့် fax အသုံးပြုခ ၅၀၀ကျပ်
  • အနည်းဆုံးပေးဆောင်ရမည့်ငွေလွှဲခ ၁၀၀ ကျပ်
အခြားဘဏ်များသို့ငွေလွှဲခြင်းအတွက်ငွေလွှဲခများ
  • အခြားသောဘဏ်များ၏ သတ်မှတ်ထားသော ငွေလွှဲနှုန်းထား ပမာဏ (လွှဲငွေပမာဏ)၏ ၀.၀၅% သို့မဟုတ် ၀.၁၀% သို့မဟုတ် ၀.၁၅% နှင့် online နှင့် fax အသုံးပြုခ ၅၀၀ကျပ်
  • Online နှင့် fax အသုံးပြုခ၅၀၀ကျပ်
  • အနည်းဆုံးပေးဆောင်ရမည့်ငွေလွှဲခ ပမာဏသည် အခြားဘဏ်မှ သတ်မှတ်ထားသည့်အတိုင်း ပေးဆောင်ရမည်

နိုင်ငံတကာငွေလွှဲလုပ်ငန်း(SWIFT)

မြန်မာပြည်ပြင်ပငွေလွှဲလိုခြင်းများအတွက် Swift Payment network ဟာနိုင်ငံတကာမှာအလွယ်ကူဆုံးနဲ့ လုံခြုံမှုအရှိဆုံးဖြစ်ပါတယ်။ ၎င်း network ဟာအကြီးမားဆုံးသောကွန်ယက်တစ်ခုအဖြစ်ရပ်တည်နေပြီး Banking Institution ပေါင်း ၉၀၀၀ ကျော်တွင် အသုံးပြုလျက်ရှိပါတယ်။

နိုင်ငံခြားဆက်သွယ်ရေးဘဏ်များ

AGD ဘဏ်ဟာဖော်ပြပါ correspondent ဘဏ်များနှင့် ငွေလွှဲခြင်းလုပ်ငန်းများကိုဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ်။

1. Singapore    
  • Oversea-Chinese Banking Corporation Limited (OCBC)    
  • United Overseas Bank(UOB)    
  • The Development Bank of Singapore (DBS)
  • Malayan Banking Berhad (May Bank)
2. Malaysia
  • Malayan Banking Berhad (May Bank)
3. Thailand    
  • Bangkok Bank Public Co, Ltd
  • Siam Commercial Bank (SCB)
  • Kasikorn Bank Public Company Limited (K Bank)
  • Other International Remittance
  • MoneyGram

အသေးစိတ် သိရှိလိုသည်များအတွက် [email protected]သို့မဟုတ် ဖုန်းနံပါတ် ၀၁-၂၃၉ ၉၃၃၃ သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်

truemoney

AGD ဘဏ်ဟာ ၂၀၁၆ ခုနှစ်မှစတင်ပြီးAGD ဘဏ်ခွဲများတွင်truemoneyကိုအသုံးပြုခဲ့ပြီးယခုအခါ မြန်မာပြည်တွင်းနေရာပေါင်း ၁၀၀၀ ကျော်တွင် ၀န်ဆောင်မှုပေးလျက်ရှိပါတယ်။

Mobile Money  ၏ အားသာချက်မှာဘဏ်မရှိသောနေရာဒေသများတွင် agent များမှတဆင့် ၀န်ဆောင်မှုရယူနိုင်ခြင်းဖြစ်ပါသည်။
 

TrueMoney Myanmar ဟာ ငွေလွှဲလုပ်ငန်း၊ ဖုန်းbill၊ အခြားသော bill ပေးချေမှုလုပ်ငန်းများစသဖြင့်အမျိုးမျိုးသော ၀န်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

မြန်မာပြည်မှာသာမက အာဆီယံနိုင်ငံများဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား နဲ့ ဖိလစ်ပိုင် နိုင်ငံများမှာပါ TrueMoneyဟာ နိုင်ငံတကာ company အဖြစ်တည်ရှိပါတယ်။

 

MoneyGram

မြန်မာပြည်မှတဆင့် ငွေလွှဲခြင်း ငွေလက်ခံခြင်းဟာ မလွယ်ကူပါဘူး။ နိုင်ငံပေါင်း ၂၀၀ ကျော်ကို လွယ်ကူစွာ ငွေပေးပို့ ရယူနိုင်ပါပြီ။

Fund Transfer from Malaysia 

မလေးရှားနိုင်ငံတွင် အောက်ဖော်ပြပါ နေရာများမှ တဆင့် လွှဲနိုင်ပါတယ်။

  • Maybank
  • CIMB
  • RIO (erstwhile IME) 

ငွေကို AGD ဘဏ်အကောင့်ထဲသို့တိုက်ရိုက်ပေးပို့နိုင်ပြီး ငွေထုတ်ယူလိုသူမှာ လိုအပ်သော အထောက်အထား စာရွက်စာတမ်း အပြည့်အစုံ ယူဆောင်လာပြီး AGD ဘဏ်မှ ငွေသားထုတ်ယူနိုင်ပါတယ်။

ငွေလွှဲထုတ်ယူသူထံမှ မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမရှိပါ။ ငွေလွှဲထုတ်ယူသူသည် လွှဲငွေ နိုင်ငံခြားငွေနှင့် ညီမျှသည့် မြန်မာကျပ်ငွေကို ငွေလဲနှုန်းနှင့် တိုးတာ၍ရရှိမည်ဖြစ်ပါသည်။

Fund Transfer from Thailand

ထိုင်းနိုင်ငံတွင် အောက်ဖော်ပြပါ နေရာများမှ တဆင့် လွှဲငွေနိုင်ပါတယ်။

  • Kasikon Bank (K Bank) 
  • truemoney 

ငွေကို AGD ဘဏ်အကောင့်ထဲသို့တိုက်ရိုက်ပေးပို့နိုင်ပြီး ငွေထုတ်ယူလိုသူမှာ လိုအပ်သော အထောက်အထား စာရွက်စာတမ်း အပြည့်အစုံ ယူဆောင်လာပြီး AGD ဘဏ်မှ ငွေသားထုတ်ယူနိုင်ပါတယ်။

ငွေလွှဲထုတ်ယူသူထံမှ မည်သည့်အခကြေးငွေမှ ကောက်ခံခြင်းမရှိပါ။ ငွေလွှဲထုတ်ယူသူသည် လွှဲငွေ နိုင်ငံခြားငွေနှင့် ညီမျှသည့် မြန်မာကျပ်ငွေကို ငွေလဲနှုန်းနှင့် တိုးတာ၍ရရှိမည်ဖြစ်ပါသည်။