Foreign Currency Accounts

နိုင်ငံခြားငွေအကောင့်ဟာ ငွေကြေးအမျိုးမျိုး ကိုင်တွယ်လုပ်ကိုင်နေရတဲ့ လုပ်ငန်းများအတွက် အရေးပါတဲ့ အကောင့်တစ်ခုဖြစ်ပါတယ်။

ကုမ္ပဏီ၊ အဖွဲ့အစည်း ဝန်ဆောင်မှု

နိုင်ငံခြားငွေအကောင့်

AGD ဘဏ်တွင်အောက်ဖော်ပြပါနိုင်ငံခြားငွေများအတွက်အကောင့်ဖွင့်လှစ်နိုင်ပါသည်။

  • USD: US Dollar အမေရိကန်ဒေါ်လာ
  • EUR: Euro ယူရို
  • SGD: Singapore Dollar စင်ကာပူဒေါ်လာ
  • THB: Thai Baht ထိုင်းဘတ်

ဤ account ကိုနိုင်ငံခြားသို့မဟုတ်ပြည်တွင်းကုမ္ပဏီများ၊သံရုံးများနှင့် Diplomatic corps အသင်းဝင်များဖွင့်နိုင်ပါတယ်။ကနဦးပေးသွင်းငွေ (သတ်မှတ်ထားသည့်ငွေကြေး) ၁၀၀ Unit ထားရှိရပါမည်။

လိုအပ်သောစာရွက်စာတမ်းများ

          (၁) ထည့်သွင်းမည့်ငွေကြေးသည်ငွေလဲကောင်တာများမှဝယ်ယူထားကြောင်း voucher သို့မဟုတ် လစာဖြတ်ပိုင်းသို့မဟုတ်တရားဝင်လုပ်ငန်းမှရရှိထားသောငွေကြေးဖြစ်ကြောင်းအထောက်အထား

           (၂) တစ်ဦးတယောက်သို့မဟုတ် Joint account များအတွက်ငွေစုသူ၏လက်မှတ်များလိုအပ်ပြီး၊ကုမ္ပဏီများနှင့် အခြားအဖွဲ့အစည်းများအတွက်အစည်းအဝေးဆုံးဖြတ်ချက်မှသတ်မှတ်ထားသောသူ၏လက်မှတ်

စာရင်းရှင်အပ်ငွေ အတွက်စာအုပ်များ

           (၁) ငွေစုစာအုပ် (ငွေသွင်း ငွေထုတ်နှင့် စာရင်းလက်ကျန်များကို ကြည့်ရှု စစ်ဆေးရန်)

           (၂) ချက်စာအုပ် (Foreign currency current account မှ နိုင်ငံခြားငွေထုတ်ယူရန်

ငွေသွင်း / ငွေထုတ်ခြင်း
  • အများဆုံးထုတ်ယူနိုင်သည့်ပမာဏအမေရိကန်ဒေါ်လာ၁သောင်း
  • Foreign currency account အချင်းချင်း ငွေလွှဲခြင်း
  • AGD account မှ MFTB/MICB accounts များသို့ ငွေလွှဲခြင်း
ဘဏ်စာရင်းလက်ကျန်မှတ်တမ်း

နိုင်ငံခြားငွေ အကောင့်များအတွက် လစဉ် ဘဏ် statement များကို လစဉ် လအစတိုင်းမှာ AGD ဘဏ်ခွဲများတွင်ေ             တာင်းယူနိုင်ပါတယ်။

Foreign currency account ဖွင့်ခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများ

  • အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာ၊ ထိုင်းဘတ် ကြိုက်နှစ်သက်ရာ
  • AGD ဘဏ်အကောင့်အချင်းချင်း current account တွင် ပြုလုပ်နိုင်ခြင်း
  • Telegraphic Transfer (IT) and Letter of Credit (LC) မှတဆင့် လုပ်ဆောင်နိုင်ခြင်း
  • ငွေလဲကောင်တာများတွင် ငွေရောင်း ငွေဝယ် ပြုလုပ်နိုင်ခြင်း
  • နိုင်ငံခြားငွေ ယှဉ်ပြိုင်မှုအတွက် ဗဟိုဘဏ်နှင့် Yangon Interbank Foreign Exchange Market များတွင် ပါဝင်နိုင်ခြင်း
  • MFTB နှင့် MICB အကောင့်များမှတဆင့် နိုင်ငံခြားငွေ ရောင်း/၀ယ် ပြုလုပ်နိုင်ခြင်း
  • Bank guarantee ရယူနိုင်ခြင်း
Notes
  • Foreign currency account များအတွက် အတိုးရရှိနိုင်ခြင်းမရှိပါ။ Foreign currency saving deposit account မရှိပါ။
  • ဖော်ပြပါ အကောင့်ဖွင့်ရန်အတွက် အကောင့်ဖွင့်လိုသည့် လူကိုယ်တိုင် လာရောက်ရမှာဖြစ်ပြီး နိုင်ငံသားမှတ်ပုံတင် မူရင်းနှင့်အတူ ထားရှိလိုသည့် ငွေသားကိုပါ ယူဆောင်လာရပါမည်။ Joint account ဖွင့်လိုသူများအတွက် နှစ်ဦးအတူတူ လာရောက်ရပါမည်။
နိုင်ငံခြားဆက်သွယ်ရေးဘဏ်များ

            AGDဘဏ်သည် အောက်ဖော်ပြပါနိုင်ငံတကာဘဏ်များနှင့်ချိတ်ဆက်လုပ်ဆောင်ပြီး ငွေလွှဲခြင်းလုပ်ငန်း                 များကိုလည်းလုပ်ဆောင်လျှက်ရှိပါတယ်။

1. Singapore    
  • Oversea-Chinese Banking Corporation Limited (OCBC)    
  • United Overseas Bank(UOB)    
  • The Development Bank of Singapore (DBS)
  • Malayan Banking Berhad (May Bank)
2. Malaysia
  • Malayan Banking Berhad (May Bank)
3. Thailand    
  • Bangkok Bank Public Co, Ltd
  • Siam Commercial Bank (SCB)
  • Kasikorn Bank Public Company Limited (K Bank)
  • Other International Remittance
  • MoneyGram