Bank Guarantees

Reassure your buyer or seller of payment with AGD's Bank Guarantees and Tender/Bid Bonds and Security.

ကုမ္ပဏီ၊ အဖွဲ့အစည်း ဝန်ဆောင်မှု

Bank Guarantees

Bid Bonds

Bank Guarantees

AGDBankမှ အောက်ပါဘဏ်အာမခံအမျိုးအစားများ(BankGuarantee)ကို နိုင်ငံခြားငွေများဖြင့် ဆောင်ရွက်ပေးလျှက်ရှိပါသည်။

• Tender Bond / BID Bond / Bid Security (တင်ဒါဘဏ်အာမခံ)

• Performance Guarantee (လုပ်ငန်းဆောင်ရွက်မှု ဘဏ်အာမခံ)

• Advance Payment / Dawn Payment Guarantee (ကြိုတင်ပေးဘဏ်အာမခံ)

• Repayment Guarantee (ပြန်လည်ပေးဆပ်မှုဘဏ်အာမခံ)

Bank Guarantee (ဘဏ်အာမခံစာတမ်း)

• ပြည်တွင်းရှိ ပုဂ္ဂလိကလုပ်ငန်းများနှင့် အစိုးရဌာနများသို့ ဘဏ်အာမခံ ထုတ်ပေးနိုင်သည်။

• နိုင်ငံခြားရှိ ကုမ္ပဏီများ၊ လုပ်ငန်းဌာနများသို့လည်း အဆက်အသွယ်ဘဏ်များမှတဆင့် SWIFT ဖြင့် ပေးပို့ပြီး ဘဏ်အာမခံ ထုတ်ပေးနိုင်ပါသည်။

• နိုင်ငံခြားရှိ အဆက်အသွယ်ဘဏ်များမှ ပေးပို့လာသောဘဏ်အာမခံများကိုလည်း သက်ဆိုင်ရာ ကုမ္ပဏီများ၊ လုပ်ငန်းဌာနများသို့ ပြန်လည်ထုတ်ပေးနိုင်ပါသည်။

• လုပ်ငန်းဆောင်ရွက်ရာတွင် စာချုပ်ပါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ပျက်ကွက်၍ နစ်နာချက်များ ရှိခဲ့သော် ယင်းကိုကာမိစေရန် ဘဏ်များကကြားဝင်၍ အာမခံပေးခြင်း ဖြစ်ပါသည်။

• ဘဏ်အာမခံဆောင်ရွက်ပေးနိုင်ရန်အတွက် ဘဏ်အာမခံတန်ဖိုးနှင့် ညီမျှသော ငွေသား (သို့) ငွေစုဘဏ် စာအုပ်အား ဘဏ်သို့ ပေးအပ်ရမည်။ ထိုသို့ ပေးအပ်ပြီးမှသာ ဘဏ်မှအာမခံစာတမ်း ထုတ်ပေးပါသည်။

• ဘဏ်အာမခံတင်သွင်းရန်အတွက် ဘဏ်အာမခံတန်ဖိုးပေးသွင်းခြင်းအား Trade Finance ဖြင့် ဆောင်ရွက် လိုပါကလည်း ဘဏ်မှ တာဝန်ယူ ဆောင်ရွက်ပေးနိုင်ပါသည်။

Performance Guarantee (လုပ်ငန်းဆောင်ရွက်မှု ဘဏ်အာမခံ)

မိမိတို့ဘဏ်အနေနှင့်လုပ်ငန်းဆောင်ရွက်မည့်သူ(သို့မဟုတ်)ပစ္စည်းတင်သွင်းရောင်းချမည့်သူများမှ၎င်းတို့နှင့်ချုပ်ဆိုထားသည့် အဖွဲ့အစည်းများအကြားစာချုပ်ပါစည်းမျဉ်းစည်းကမ်းများအတိုင်းအပြည့်အ၀ ဆောင်ရွက်ပေးရန်အတွက်တာဝန်ယူခြင်းဖြစ်ပါသည်။

အကယ်၍အာမခံတင်သွင်းသူအနေနှင့်စာချုပ်ပါစည်းကမ်းချက်၏တစိတ်တစ်ပိုင်းဖြစ်စေ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် ပျက်ကွက်ခဲ့ပါက(သို့မဟုတ်)မှားယွင်းမှုတစုံတရာဖြစ်ပေါ်လာပါကဘဏ်အာမခံအကျိုးခံစားခွင့်ရှိသူမှ လျှော်ကြေးတောင်းခံလာလျှင် မိမိတို့ဘဏ်မှ တာဝန်ယူပေးလျှော်ရန်အတွက် အာမခံ ထုတ်ပေးခြင်း ဖြစ်ပါသည်။

Advance Payment / Dawn Payment Guarantee (ကြိုတင်ပေးဘဏ်အာမခံ)

မိမိတို့ဘဏ်အနေနှင့်လုပ်ငန်းဆောင်ရွက်သူ (သို့မဟုတ်) ကုန်ရောင်းသူလုပ်ငန်းအပ်နှံသူ (သို့မဟုတ်) ကုန်ဝယ်သူထံမှ ကြိုတင်ငွေများရယူထားခြင်းအပေါ်တွင် တာဝန်ယူဆောင်ရွက်ပေးခြင်းဖြစ်ပါ သည်။ လုပ်ငန်းဆောင်ရွက်သူ (သို့မဟုတ်) ကုန်ရောင်းသူမှ သတ်မှတ်စည်းကမ်းချက်များအတိုင်း လုပ်ငန်း ဆောင်ရွက်ရန် (သို့မဟုတ်) ကုန်ပစ္စည့်းတင်ပို့ရန် ပျက်ကွက်ပါကကြိုတင်ငွေပေးချေထားသူအနေဖြင့်ဆုံးရှုံးနစ်နာမှုမဖြစ်စေရန်ကြိုတင်ငွေလက်ခံထားသူက လက်ခံရရှိငွေပမာဏအတိုင်း အာမခံပြန်လည် ထုတ်ပေးသော အာမခံမျိုးဖြစ်ပါသည်။

Repayment Guarantee  (ပြန်လည်ပေးဆပ်မှုဘဏ်အာမခံ)

လုပ်ငန်းဆောင်ရွက်သူနှင့်လုပ်ငန်းရှင်(သို့မဟုတ်)ပစ္စည်းဝယ်ယူသူနှင့်ပစ္စည်းတင်သွင်းသူတို့အကြား ငွေပေးချေရာတွင် ဆိုင်းငံ့ကာလဖြင့်သော်လည်းကောင်း၊အရစ်ကျစနစ်ဖြင့်သော်လည်းကောင်းပေးချေရန်စာချုပ်ချုပ်ထားပါက ရေးဆွဲထားသည့်အချိန်ဇယားအတိုင်းမပျက်မကွက်ပေးချေရမည်။  အကယ်၍ ငွေပေးချေမည့်သူ ပျက်ကွက်ခဲ့ပါက ဘဏ်မှစိုက်ထုတ်ပေးချေရန် အာမခံထားပေးခြင်းဖြစ်ပါသည်။

အသေးစိတ်သိရှိလိုသည်များအတွက် [email protected] သို့ဆက်သွယ်မေးမြန်းနိင်ပါတယ်။

Bid Bonds

Tender Bond / BID Bond / Bid Security  (တင်ဒါဘဏ်အာမခံ)

မိမိတို့ဘဏ်အနေနှင့်တင်ဒါခေါ်ယူသူနှင့်တင်ဒါပေးသွင်းမည့်သူများအကြား ဆောင်ရွက်ပေးသည့်အာမခံအမျိုးအစားဖြစ်ပြီးတင်ဒါအောင်မြင်သူသည် တင်ဒါပါစည်းမျဉ်းစည်းကမ်းများအတိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးရန်ပျက်ကွက်ခဲ့ပါကတင်ဒါခေါ်ယူသူ(Beneficiary)အတွက် ငွေကြေးဆုံးရှုံးမှုမရှိစေရန် ဘဏ်မှ တာဝန်ယူအာမခံပေးလျှက်ရှိပါသည်။


အသေးစိတ်သိရှိလိုသည်များအတွက် [email protected] သို့ဆက်သွယ်မေးမြန်းနိင်ပါတယ်။