ကျွနု်ပ်တို့အကြောင်း

၂၀၁၀ ခုနှစ်မှ စတင်၍ AGDဘဏ်သည် ဘဏ္ဍာရေးဝန်ဆောင်မူများကို မြန်မာနိုင်ငံတွင် ဆောင်ရွက်ပေးလျက် ရှိပါသည်။ ပြည်တွင်းသာမက ပြည်ပတွင်လည်း AGD ဘဏ်သည် လုပ်ငန်းဆိုင်ရာ မိတ်ဖက်ဖြစ်သည့် သင့်ကို ကျေနပ်မှု ပေးနိုင်လိမ့်မည်ဟု အပြည့်အဝယုံကြည်ပါသည်။
 

The Bank that grows with you.

The purpose of all life is development and enrichment. Every Human Being, in fact, every living thing, has an inalienable right to all the development to which it is capable.

A Human Being’s right to life implies his right to have the free and unrestricted access of all things, which may be necessary to assist him realize his fullest mental, spiritual, and physical potential. In other words, every human being has the right to be rich and enjoy everything life has to offer.

There are three major motives for our lives: We live for our body. We live for our mind. And, we live for our soul. These three constituents are, at the same time, both highly distinctive of each other, as well as highly inter-dependent from each other.

What do we stand for?
 

ကျွန်ုပ်တို့၏ရည်ရွယ်ချက်

 

မြန်မာပြည်သူ၊ ပြည်သားများအတွက် အကောင်းမွန်ဆုံး ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ပေးနိုင်ရန်နှင့် ငွေအပ်နှံသူများ၏ လိုအပ်ချက်အမျိုးမျိုးကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ရန် အဓိကထားပြီး ရည်ရွယ်ဆောင်ရွက်လျက် ရှိပါသည်။
 

ကျွန်ုပ်တို့၏ အမြင်

 

အရှိန်အဟုန်ဖြင့် တိုးတက်နေသော မြန်မာနိုင်ငံ၏ စီးပွားရေး အဆောက်အအုံကြီးအတွက် မြဲမြံစွာ ရပ်တည်ပါဝင်ပြီး နိုင်ငံတော်အတွက် အရေးပါသော ဘဏ်လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်အောင် ဦးတည်ဆောင်ရွက်လျက် ရှိပါသည်။

AGD Bank in Numbers

700k

သုံးစွဲသူဦးရေ

190+

ATMS

77

ဘဏ်ခွဲအရေအတွက်

 

Do you want to work for AGD Bank?

ကျွန်ုပ်တို့ အလေးအမြတ်ထားသော တန်ဖိုးများ

01
ထိုးထွင်းကြံဆမှုရှိခြင်း
AGD ဘဏ်၏ ဆန်းသစ်တီထွင်မှုများသည် ဘဏ်လုပ်ငန်းနယ်ပယ်အတွင်း ထိပ်ဆုံးဖြစ်နေစေရမည်။ တီထွင်ဆန်းသစ်မှုများသည် ယခုအကောင်းဆုံး ဖြစ်ရန်အတွက် သာမက၊ အနာဂတ်တွင်လည်း သုံးစွဲသူများ၏ လိုအပ်ချက်များကို အကောင်းဆုံး ဖြည့်ဆည်းပေးပါမည်။
02
လူထုကို အလေးအမြတ် ပြုခြင်း
AGD ဘဏ်သည် မိမိတို့၏သုံးစွဲသူများ သာမက မိမိတို့၏ ဝန်ထမ်းများနှင့် လူမှုအသိုင်းအဝိုင်းတစ်ဦးချင်းစီ၏ အကြံပေးမှုများကိုလည်း အလေးထားပါသည်။ ဝန်ထမ်းတိုးတက်မှုသည် AGD ဘဏ်အတွက် အရေးပါ၍ ထူးချွန်ထက်မြက်သော ဝန်ထမ်းများကို အသိအမှတ်ပြု ချီးမြှောက် ဂုဏ်ပြုပေးပါသည်။
03
ရိုးသားဖြောင့်မတ်ခြင်း
AGD ဘဏ်သည် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို တင်းကြပ်စွာ လိုက်နာဆောင်ရွက်ပါသည်။ ဘဏ်လုပ်ငန်း ဆိုင်ရာများဖြစ်သည့် အပေးအယူနှင့် လုပ်ငန်းဆိုင်ရာ 
ဆက်ဆံမှုများကိုလည်း ထင်သာမြင်သာရှိစွာ လုပ်ကိုင်ဆောင်ရွက်ပါသည်။
04
နှလုံးသားဖြင့် နားထောင်ပေးခြင်း
ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံတွင် အနာဂတ်လှပစေရန် AGD ဘဏ် အနေဖြင့် ဘဏ်လုပ်ငန်းဆိုင်ရာ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် ဦးစွာတည်ဆောက်၍ နိုင်ငံတော်၏ စီးပွားရေး တိုးတက်ကောင်းမွန် လာစေရန် ရည်ရွယ်ပါသည်။
05
ကတိပြုခြင်း
မြင့်မားသည့်စွမ်းဆောင်ရည်၊ စည်းလုံးမှု၊ တာဝန်ခံမှုများကို ဆောင်ရွက်ပေးရန် AGD ဘဏ်အနေဖြင့် အာမခံ ပေးနိုင်ပါသည်။

ကျွန်ုပ်တို့၏ Customer များအား ကတိပေးချက်

01

မှန်ကန်သောနည်းလမ်းဖြင့် အဖြေပေးခြင်း

သုံးစွဲသူများ၏ လိုအပ်ချက်များကို အမြဲလေ့လာပြီး အကောင်းဆုံးသော ဖြေရှင်းချက်များကိုပေးအပ်ပါသည်။ AGD ဘဏ်၏ ရည်ရွယ်ချက်သည် မိမိတို့၏ဘဏ်ဝန်ဆောင်မှုများကို သုံးစွဲသူများအဆင်ပြေချောမွေ့စေရန် ပိုမိုကောင်းမွန်သော ဘဏ်လုပ်ငန်းဆိုင်ရာ လမ်းညွှန်မှုများကို ဖြည့်ဆည်းဆောင်ရွက်လျက် ရှိပါသည်။

02

တရားမျှတစွာ ကိုင်တွယ်ဖြေရှင်းခြင်း

ဘဏ်၏အောင်မြင်မှုအတွက် သုံးစွဲသူများနှင့် ရေရှည်တည့်ခိုင်မြဲသော ဆက်ဆံရေးသည် AGD ဘဏ်အတွက် အလွန်အရေးကြီးပါသဖြင့်  သုံးစွဲသူများကို အလေးအနက်ထားပြီး ဆက်ဆံပါသည်။

03

အချိန် နေရာမရွေး သင့်အတွက် အမြဲရှိခြင်း

သင်၏ငွေကြေးဆိုင်ရာ အခက်အခဲများကို ကူညီဖြေရှင်းပေးရန် AGD ဘဏ်သည် သင်နှင့်အတူ အမြဲရှိနေပါသည်။

04

ကိုယ်တိုင်ကိုယ်ကျ လေ့လာသင်ယူခြင်း

သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီ၏ လိုအပ်ချက်များကို အစဉ်အမြဲ နားလည်နိုင်အောင် အထူးကြိုးစား လုပ်ဆောင်လျက် ရှိပါသည်။

Corporate Social Responsibility 

AGD ဘဏ်သည် မြန်မာနိုင်ငံရဲ့ အနာဂတ်စိမ်းလန်းလှပလာစေရေးအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်အားဖြည့်ပေးလျက်ရှိပါသည်။

ပြည်သူများအတွက် လိုအပ်သော ၀န်ဆောင်မှုများကို အားသွန်ခွန်စိုက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။

 

Awards & Achievements